News and Media

ရတနာပုံတက္ကသိုလ် ၁၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပညာရေးအထောက်အကူပြုနည်းပညာပြပွဲ နှင့် ဈေးရောင်းပွဲတော် (၂၂-၂၃. ၂. ၂၀၁၈)

ရတနာပုံတက္ကသိုလ် (၁၈)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲတော် စည်ကားစွာကျင်းပ

ရတနာပုံတက္ကသိုလ် (၁၈)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်တွင် သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးအထောက်အကူပြု နည်းပညာပြပွဲများနှင့် ဘာသာရပ်အသီးသီး၏ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၂၂ရက် နံနက် ၈နာရီက ရတနာပုံတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားအား ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်၊ ဦးဝင်းမောင်(ပါမောက္ခချုပ်-ငြိမ်း)၊ ဦးအောင်မောင်း (ပါမောက္ခ-ငြိမ်း)၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန်-ငြိမ်း)နှင့် Mandalay Technology မှ တာဝန်ရှိသူ ဦးသူရ တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး ပါဝင်ကူညီခဲ့ကြသည့် Sponsor ကုမ္ပဏီများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် စာကြည့်တိုက်နှင့်သုတပညာ မဟာဘွဲ့သင်တန်းတွင် ပထမအဆင့်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ မဇူဇူအောင်အား စည်သူဒေါက်တာဦးသော်ကောင်းဆု၊ ပခုက္ကူဦးအုန်းဖေ သုတေသနဆု၊ နိုင်ငံဂုဏ်ဆောင် အားကစားဆုရရှိသူများ၊ ရတနာပုံတက္ကသိုလ် (၁၈)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းဖတ်ကြားခဲ့ကြသည့် စာတမ်းရှင် (၆၃)ဦးနှင့် YDB Research Journal Vol.8 စာတမ်းရှင် (၄၇)ဦး၊ စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများ၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲများ၊ အင်္ဂလိပ်စာဘာသာစကားစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ် မိုးရာသီစခန်းချကာလတွင် အကောင်းဆုံးစံပြကျောင်းသားဆု၊ သေနတ်ပစ်အကောင်းဆုံးဆုရ ရရှိသူခဲ့သူများ၊ နေပြည်တော် MICC II တွင် ကျင်းပပြုလုပ်ခဲ့သည့် Science and Technology ပြပွဲ ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယပါမောက္ခချုပ်များ၊ အငြိမ်းစား ဆရာကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။ "ရတနာပုံတက္ကသိုလ်ရဲ့ (၁၈)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲမှာ အဆင့်မြင့်ပညာရေးမှာ သုတေသနရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ကျောင်းသား၊ ကျောင်းသူ လူငယ်တွေ နားလည်သိရှိစေဖို့၊ အသိပညာဗဟုသုတတွေရရှိစေဖို့၊ စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အကျင့်ကောင်းများနဲ့ ခေါင်းဆောင်နိုင်မှု စွမ်းရည်များရရှိစေဖို့ ယခုလို ပညာရေးအထောက်အကူပြု နည်းပညာပြပွဲ၊ ဘာသာရပ်ပေါင်းစုံသုတေသနစာတမ်းဖတ်ပွဲ၊ ဈေးရောင်းပွဲတော်တို့ကိုပါ ထည့်သွင်းကျင်းပရခြင်း ဖြစ်ပါတယ်။ အဆင့်မြင့်ပညာတက္ကသိုလ်များမှာ သင်ကြားမှု၊ သင်ယူမှုနဲ့အတူ ပညာရေးအထောက်အကူပြု သုတေသနနှင့် ပညာရပ် ဖွံ့ဖြိုးမှုလုပ်ငန်းများဟာ အဓိကနေရာက ပါဝင်လျက်ရှိတာကြောင့် ဆရာ ဆရာမများကိုလည်း ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြင့်မားရေး၊ သင်ကြားရေးနဲ့ သုတေသနလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် တက္ကသိုလ်အဆင့်၊ ဒေသအဆင့်၊ ဦးစီးအဆင့်၊ နိုင်ငံတကာအဆင့်တွေမှာ သုတေသနစာတမ်းများ ဖတ်ကြားစေခြင်း၊ စာတမ်းများ ပါဝင်ရေးသားစေခြင်းတို့ကို တိုက်တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်။ (၁၈)နှစ်တာကာလအတွင်း ရတနာပုံတက္ကသိုလ်ရဲ့ တိုးတက်ဖြစ်ထွန်းလာမှုတွေဟာ နိုင်ငံတော်အစိုးရက အဖက်ဖက်မှ ပံ့ပိုးပေးခဲ့တဲ့အတွက်ကြောင့် ယနေ့ အချိန်မှာ ရတနာပုံတက္ကသိုလ်အနေဖြင့် နိုင်ငံတော်ရဲ့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)မှာ အင်ပြည့်အားပြည့် ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်" ဟု ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ပြောသည်။ ရတနာပုံတက္ကသိုလ်ကို (၂၂-၂-၂၀၀၀) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခု (၂၂-၂-၂၀၁၈) ခုနှစ်တွင် (၁၈)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ဝိဇ္ဇာအထူးပြုဘာသာရပ် (၁၃)ခု၊ သိပ္ပံအထူးပြုဘာသာရပ် (၁၁)ခု စုစုပေါင်း အထူးပြုဘာသာရပ် (၂၄)ခုကို သင်ကြားပို့ချလျက်ရှိပြီး အထက်မြန်မာပြည် ဒေသအသီးသီးမှ ကျောင်းသား ကျောင်းသူ (၂၁၂၁၆)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မန္တလေးနည်းပညာကုမ္ပဏီ၏ ဦးဆောင်မှုဖြင့် အလှူရှင်(၁၆)ဦးတို့မှ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသို့ သင်ကြားရေးအထောက်အကူပြုပစ္စည်း SMART TV အလုံး(၁၀၀) လှူဒါန်း (၂၃.၀၁.၂၀၁၈)

မန္တလေးနည်းပညာကုမ္ပဏီ၏ ဦးဆောင်မှုဖြင့် အလှူရှင်(၁၆)ဦးတို့မှ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသို့ သင်ကြားရေးအထောက်အကူပြုပစ္စည်း SMART TV အလုံး(၁၀၀) လှူဒါန်း (၂၃.၀၁.၂၀၁၈)

" မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ် တွင် ကျင်းပပြုလုပ်သည့် Intergraph (Hexagon PPM) Knowledge Sharing Seminar" (၂၇.၁၂.၂၀၁၇)

Myanmar GIS day activities at Yangon University (15 Nov, 2017)

E government conference and ICT exhibition 2017 @ MICC2, Nay Pyi Taw

Conference on Science and Technology Development 2017 at DSTA , Pyin Oo Lwin (Nov 1-2 , 2017)

"Myanmar GIS Day 2017"

ဖွင့်ပွဲ အခမ်းအနား ဖိတ်ကြားခြင်း

GIS Day ဆိုသည်မှာ ယနေ့ကမ္ဘာပေါ်ရှိ လူမှုအသိုက်အ၀န်းတစ်ခုလုံးတွင် Geospatial Technology နည်းပညာဖြင့် လူသားတို့၏ဖွံ့ဖြိုးတိုးတက်မှုများအစွမ်းကုန်ဆောင်ရွက်နိုင်ရန် လူမှုအဖွဲ့အစည်းများအတွင်း GIS နည်းပညာများပြန့်ပွားနိုင်ရန် စသောရည်ရွယ်ချက်များဖြင့်ဆောင်ရွက်သော လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။

GIS Day ကို ၁၉၉၉ ခုနှစ်မှစပြီး National Geographic Society (NGS), Association of American Geographers (AAG) and Environmental Systems Research Institute (ESRI) တို့မှ ပူးပေါင်း၍ ကျင်းပလာခဲ့ကာ ယခုအခါနိုင်ငံအသီးသီးတွင်လည်း နှစ်တစ်နှစ်စီရှိ နိုဝင်ဘာလ၏ တတိယ ဗုဒ္ဓဟူးနေ့ (ယခုနှစ်အတွက် နိုဝင်ဘာ ၁၅ရက်နေ့) အား GIS Day အဖြစ်သတ်မှတ်ကာ ကမ္ဘာအဝှမ်းတွင် နှစ်စဉ်ကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်လည်း GIS Day အခမ်းအနားကို ရန်ကုန်တက္ကသိုလ်၊ ပထ၀ီဝင်ဌာန နှင့် မိတ်ဖက် ပုဂ္ဂလိက အဖွဲ့အစည်းများပူးပေါင်းကာ ၂၀၁၂ခုနှစ်က စတင်ပြီးဆောင်ရွက်လာခဲ့ကြတာပါ။ ဒါပေမယ့် In-House Activitiy တစ်ခုအဖြစ်သာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ GIS Day အခမ်းအနားအား ရန်ကုန်တက္ကသိုလ်၊ ပထ၀ီဝင်ဌာန၊ Diploma in GIS ဘွဲ့ရကျောင်းသား/သူဟောင်းများ နှင့် မိတ်ဖက် ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်းကာ ခမ်းခမ်းနားနားကျင်းပရန် စတင်စီစဉ်ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ Myanmar GIS Day 2017 အား ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့၊ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းကိုလည်း ထပ်မံအသိပေးလိုပါတယ်။ အခမ်းအနားတွင် Geospatial Technology နည်းပညာဖွံ့ဖြိုးမှုမှ နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် နည်းပညာဖွံ့ဖြိုးမှု သုတေသန စာတမ်းဖတ်ပွဲ၊ Poster Exhibition၊ and Fun Fair များထည့်သွင်းကျင်းပသွားမှာဖြစ်ပါကြောင်း အသိပေးပြောကြားအပ်ပါတယ်။ အားလုံးပူးပေါင်းဆင်နွဲကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။

"10 th National Conference on Science and Engineering Project Show" (29-30 June, 2017)


REGIONAL TVET CONFERENCE 2017


DATIS (Digital Automatic Terminal Information System) training at Myanmar DCA ( 5-7 April, 2017)


DATIS (Dagital Automatic Terminal Information System) training together with 4 representative people from DCA (Department of Civil Aviation) Myanmar at Intelcan, Canada (Feb, 2017)


G4AW Geodata for Agriculture and Water workshop (16.3.2017) Inya Lake Hotel


Neulog Sensors Traning at Yangon Technological University (YTU) Electrical Engineering Department (13.3.2017)


စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးစီးဌာန
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
"Arc GIS software အသုံးချမှုသင်တန်း (၁.၃.၂၀၁၇)"


Water, Land, Eco-systems (WLE) Fellows visiting Myit-sone (Confluence of May Kha and Malikha Rivers forming Ayryarwaddy River)


8th Mobile Money and Agent Banking Summit 2017 (21-22 Feb 2017, Park Royal Hotel)


Autotronic training at TPTC Baelin.


Intergraph GT STRUDL training at Yangon Technological University (YTU).
(17 Feb 2017 to 20 Feb 2017)


Bosch Rexroth (Drive and Control Academy Sales Forum 2017) at Didacta Messe Stuttgart, Germany (18 Feb, 2017)


“Yadanarbon Exhibition for Technological Education”

ရတနာပုံတက္ကသိုလ် (၁၇) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ပညာရေးအထောက်အကူပြု နည်းပညာပြပွဲနှင့်ဟောပြောပွဲ

This Technological Education Exhibition held on 22nd to 24 th February, 2017 at theYadanarbon University, Mandalay, Myanmar.


သန်လျင် နည်းပညာ တက္ကသိုလ် နှစ် ၃၀ ပြည့် ပုလဲရတု အခမ်းအနား နှင့် ပညာရေး အထောက်အကူပြုနည်းပညာပြပွဲ (၃၀. ၁၂. ၂၀၁၆)


နည်းပညာစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (နိုဝင်ဘာ ၂၂. ၂၀၁၆)


Intergraph PP&M Educational Grant Award Ceremony at YTU News on MRTV 4"


ရန်ကုန် နည်းပညာတက္ကသိုလ်သို့ အင်ဂျင်နီယာဒီဇိုင်းရေးဆွဲရာတွင် အသုံးဝင်သည့်ဆော့ဖ်ဝဲများ ပေးအပ်လှူဒါန်းပွဲ , ၁၆ ရက်နေ့ သြဂုတ်လ ၂၀၁၆


Technical Seminar at Technological University (Myeik) at August 8 2016


GIS and Remote Sensing for Sustainable Development Seminar at Technological University (Taunggyi)


မြန်မာနိုင်ငံတွင် သက်မွေး ပညာရေးကို ပထမတန်းစား ပညာရေး အဖြစ် တန်ဖိုး ထားလာသည် အထိကြိုးပမ်း မြှင့်တင် ဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မှာကြား"


နေပြည်တော် ဇူလိုင် ၁၅

မိမိတို့ဘဝတွင် တွေ့ကြုံနိုင်သည့် အခက်အခဲ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ခြင်း ၊ ကျော်လွှားနိုင်ခြင်း စသည့် အရည် အချင်းများသည် ပညာ ဖြစ်သည်ဟု ခံယူကြပြီး မြန်မာနိုင်ငံတွင် သက်မွေး ပညာရေးကို ပထမတန်းစား ပညာရေး အဖြစ် တန်ဖိုးထား လာသည်အထိ ကြိုးပမ်း မြှင့်တင် ဆောင်ရွက်ကြ ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား သည်။ ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ကျင်းပသည့် နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး နှီးနှော ဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထိုသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုင်ငံအချို့တွင် တက္ကသိုလ် ပညာကို တန်ဖိုး ထားကြသော်လည်း အသက်မွေး ဝမ်းကျောင်း ပညာကို တန်ဖိုးထားမှု နည်းပါးပြီး အသက်မွေး ဝမ်းကျောင်း ပညာကို ဒုတိယတန်း ပညာဟု ယူဆကြပါကြောင်း၊ တက္ကသိုလ် ပညာ မဆည်းပူးနိုင်သူများ၊ တက္ကသိုလ် ပညာအဆင့် မရောက်ရှိ နိုင်သူများသည် အသက်မွေး ဝမ်းကျောင်း ပညာ ကို လေ့လာ ဆည်းပူးသည့် အပိုင်းသို့ ရောက်သွားသည်ဟု ထင်မြင် ယူဆသူ များ ရှိပါကြောင်း၊ သို့သော် တက္ကသိုလ် ပညာ သင်ကြားသော လူငယ်များ အများစုမှာ အလုပ်အကိုင် ရရှိမှု နည်းပါးသည့် အခြေအနေသို့ ရောက်ရှိလျက် ရှိပါကြောင်း ပြောကြားသည်။ အသက်မွေးဝမ်းကျောင်း (Vocational Training) ဟူသည် မိမိတို့၏ ဝါသနာနှင့် ကိုက်ညီသည့် ပညာရပ်ကို သင်ကြားပေးခြင်း ဖြစ်သဖြင့် ကျောင်းသူ ကျောင်း သား များတွင် သာမက မိဘများသည်လည်း အသက်မွေး ဝမ်းကျောင်း ပညာကို တန်ဖိုး ထားရန် အရေးကြီးပါကြောင်း၊ အသက်မွေး ဝမ်းကျောင်း ပညာကို မြတ်နိုး တန်ဖိုးထား ဂုဏ်ယူစေလိုကြောင်း၊ အသက်မွေး ဝမ်းကျောင်း ပညာကို အထူး တန်ဖိုးထားသည့် နိုင်ငံများသည် ဖွံ့ဖြိုး တိုးတက် မှု ရရှိခဲ့ပါကြောင်း၊ မိမိတို့သည် ယခု ရရှိလျက် ရှိသည့် အခွင့်အရေးကို အသုံးချကာ အကောင်းဆုံး၊ အမြင့်ဆုံး ရောက်ရှိစေရန် ကြိုးစား ရမည် ဖြစ် ပါကြောင်း။ ထို့ကြောင့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသား အားလုံး အသက်မွေး ဝမ်းကျောင်း ပညာရေးကို ပထမတန်းစား ပညာရေးဟု လက်ခံ နားလည်နိုင်အောင် လုပ်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ မဟုတ်ဘဲ အသက်မွေး ဝမ်းကျောင်း ပညာသည် ဒုတိယတန်းစား ပညာဟု သတ်မှတ်ကာ တက္ကသိုလ် တက်ရန် အဆင့်မမီမှသာ သင်ကြား စေမည် ဆိုပါက တိုးတက် အောင်မြင်ရန် ခက်ခဲမည် ဖြစ်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြား သည်။ ဆက်လက်၍ မိမိကိုယ်တိုင် အသက်မွေး ဝမ်းကျောင်း ပညာကို လေးစား တန်ဖိုး ထားပြီး မိမိနိုင်ငံတွင် အသက်မွေး ဝမ်းကျောင်း ပညာ တိုးတက် လာစေရန် ဆောင်ရွက် လိုပါကြောင်း၊ မိမိတို့ နိုင်ငံတွင် အသက်မွေး ဝမ်းကျောင်း ပညာ တိုးတက်မှ မိမိတို့နိုင်ငံသူ နိုင်ငံသားများ၏ ဘဝ တိုးတက်မည် ဖြစ်ပါကြောင်း။ ဖွံ့ဖြိုး တိုးတက်မှု ရရှိပြီး နိုင်ငံများတွင်ပင် တက္ကသိုလ် ဘွဲ့ရများသည် အလုပ်အကိုင် ရရှိမှု တစ်နှစ်ထက် တစ်နှစ် နည်းပါးလာပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် သင်ကြား တတ်မြောက်သည့် ပညာနှင့် လူမှု အသိုင်းအဝိုင်း၏ လိုအပ်ချက် ကိုက်ညီမှု အားနည်းသည့် အတွက် ဖြစ် ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် အသက်မွေး ဝမ်းကျောင်း ပညာ သင်ကြား တတ်မြောက်သည့် လူငယ်များသည် အလုပ်အကိုင် ရရှိမှု ရာခိုင်နှုန်း များပါကြောင်း၊ မိမိတို့ တည်ထောင် ဖွင့်လှစ်ထားသည့် ကော့မှူး အသက်မွေး ပညာသင် ကျောင်းမှာ ကျောင်းမဆင်းမီကပင် အလုပ်ခန့်ရန် အတွက် ကြိုတင် ကမ်းလှမ်းကြလျက် ရှိပါကြောင်း၊ ကျောင်းဆင်း သွားပြီးနောက် အလုပ် ခွင် ရောက်ရှိနေသူများ ဘယ်လောက် အောင်မြင်နေသလဲ လေ့လာ ဆန်းစစ် ကြည့်ရာ ၉၀ ရာခိုင်နှုန်း အောင်မြင်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အသက်မွေး ဝမ်းကျောင်း ပညာရေး အောင်မြင်အောင် ကြိုးပမ်းရာတွင် ကမ္ဘာပေါ်တွင် အကောင်းဆုံး၊ အအောင်မြင်ဆုံး နိုင်ငံများကို စံနမူနာ ယူပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အစကောင်းမှ အနှောင်း သေချာ ဆိုသကဲ့သို့ ယခုအစ ကပင် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ အသက်မွေး ဝမ်းကျောင်း ပညာရေး အောင်မြင်သည် မအောင်မြင်သည်ကို တိုင်းတာသည့် အချက်မှာ တစ်ခုတည်းသာ ရှိ၍ ၎င်းမှာနိုင်ငံသား အားလုံးက အသက်မွေး ဝမ်းကျောင်း ပညာရေးကို ပထမတန်းစား ပညာရေးဟု ယုံကြည် တန်ဖိုး ထားလာသည့် အချိန်သည် အသက်မွေး ဝမ်းကျောင်း ပညာရေး အောင်မြင်သည်ဟု သတ်မှတ် ရမည် ဖြစ် ပါကြောင်း၊ ထိုသို့ အောင်မြင် တိုးတက်မှု ရရှိစေရန် Public Private Partnership သည် အရေးကြီးပါကြောင်း၊ အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက် ရန် အရေးကြီးပါကြောင်း။ ထို့ကြောင့် ယနေ့ နှီးနှော ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များဘက်မှ မိမိတို့၏ ပညာရေးစနစ်ကို လိုအပ်ချက်နှင့် ကိုက်ညီအောင် လုပ်ဆောင် သွားသင့်သည် များကို အကြံပြုစေ လိုပါကြောင်း၊ ပညာရေး ဝန်ကြီးဌာန ဘက်မှလည်း လုပ်ငန်းရှင်များ မည်သို့ ကူညီနိုင်သည်ကို အကြံပြုစေ လိုပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍ၏ ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက် လာကြသူ များသည် အဆိုပါ အဆောက်အအုံ မြေညီထပ်တွင် ခင်းကျင်း ပြသထားသော နည်းပညာနှင့် သက်မွေးပညာရေး ဆိုင်ရာ ပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။ ဖွင့်ပွဲ အခမ်းအနား အပြီးတွင် နှီးနှောဖလှယ်ပွဲကို ဆက်လက် ကျင်းပရာ သင်ယူနိုင်မှု အခွင့်အလမ်း၊ အရည်အသွေးနှင့် အုပ်ချုပ် စီမံမှုကို မြှင့်တင်ရေး အတွက် အခက်အခဲ၊ စိန်ခေါ်မှုများ၊ အနာဂတ် အမြင် သဘောထား ဆိုင်ရာ များ၊ အမျိုးသား အဆင့် လုပ်သားထု ဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုး တက်ရေး ဆွေးနွေးပွဲ၏ ရလဒ်များ၊ မြန်မာနိုင်ငံ အတွင်း နည်းပညာနှင့် သက်မွေးပညာရေး၊ လေ့ကျင့်ရေး သင်တန်းများသို့ တက်ရောက် လိုသူများ သင်ယူနိုင်သော အခွင့်အလမ်းများနှင့် အရည်အသွေးကို တိုးတက် ခိုင်မာအောင် ပြုလုပ်ခြင်း ဆိုင်ရာများကို ဆွေးနွေးကြသည်။ ထို့ပြင် နှီးနှော ဖလှယ်ပွဲတွင် အဖွဲ့လိုက် ဆွေးနွေးခြင်း၊ အဖွဲ့လိုက် ဆွေးနွေးမှု ရလဒ်များ တင်ပြခြင်းနှင့် မေးခွန်းများ မေးမြန်း ဖြေကြားခြင်း တို့ကို ပြုလုပ် ခဲ့ကြသည်။ အဆိုပါ နှီးနှော ဖလှယ်ပွဲကို ပိုမို ကောင်းမွန်သော အလုပ်အကိုင် ရရှိရေးနှင့် ခေတ်မီသော စီးပွားရေးကို ပုံဖော်ရန် နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍ၏ သင်ယူနိုင်မှု အခွင့်အလမ်း၊ အရည် အသွေးနှင့် စီမံခန့်ခွဲမှုများ မြှင့်တင်ရေး အတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ် ပြီး ဆွေးနွေးပွဲကို ဇူလိုင် (၁၅)ရက်နှင့် (၁၆)ရက် နှစ်ရက်တာ ကျင်းပ သွားမည် ဖြစ် သည်။ မြန်မာနိုင်ငံတွင် နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍ အကောင် အထည်ဖော်မှု အနေဖြင့် ပညာရေး ဝန်ကြီးဌာန အပါအဝင် ဆက်စပ်လျက် ရှိသည့် ပြည်ထောင်စု ဝန်ကြီးဌာန ၁၃ ခုတွင် နည်းပညာနှင့် သက်မွေးမှု ဆိုင်ရာ ကျောင်းပေါင်း ၂၄၇ ကျောင်း ဖွင့်လှစ် သင်ကြားလျက် ရှိပြီး ပုဂ္ဂလိက ကဏ္ဍအနေဖြင့် နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး ဆိုင်ရာ သင်တန်း အမျိုးအစား ၁၆ ခုမှ သင်တန်းပေါင်း ၂၁၀ ကျော် ဖွင့်လှစ်လျက် ရှိကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။

"TVET Forum & Exhibition"


"နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးနှီးနှောဖလှယ်ပွဲ (TVET Forum)"


ပညာရေးဝန်ကြီးဌာနမှ ဦးစီးဆောင်ရွက်သည့် နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲ (TVET FORUM) ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၊ (MICC-II) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ နှီးနှောဖလှယ်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာမြန်မာနိုင်ငံ၏နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် သက်မွေးပညာသင်ယူနိုင်သောအခွင့်အလမ်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ကျွမ်းကျင်မှု၊ အရည်အသွေးနှင့် အလုပ်အကိုင်ရရှိမှုအခွင့်အလမ်းတို့ကို မြှင့်တင်နိုင်ရန်၊နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ၏စီမံခန့်ခွဲမှုများ ပိုမိုအားကောင်းလာစရေန်၊ အစိုးရ၊ ပုဂ္ဂလိက၊ နိုင်ငံတွင်းအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှီးနှောဖလှယ်၍ နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။ နှီးနှောဖလှယ်ပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ပြည်ထောင်စုဝန်ကြီးများ၊တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးနှင့် ဆက်စပ်သော ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များမှ ကိုယ်စားလှယ်များ၊နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အသေးစားနှင့်အလတ်စား စက်မှုလက်မှု လုပ်ငန်းများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ စက်မှုလက်မှုသိပကျောင်းသားဟောင်းများ အသင်း၊ စက်မှုအထက်တန်းကျောင်း ကျောင်းသားဟောင်းများအသင်းတို့မှ ကိုယ်စားလှယ်များ နှင့် အခြားဖိတ်ကြားထားသောကိုယ်စားလှယ်များ အစရှိသည့်ပုဂ္ဂိုလ်(၅၁၀)ဦးတက်ရရောက်ကြပါသည်။ နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးကြမည့် အဓိကအချက်များမှာ- (က) နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ၏ သင်ယူနိုင်သော အခွင့် အလမ်းများ တိုးချဲ့ဆောင်ရွက်မည့်အစီအစဉ်များ ဖော်ဆောင်နိုင်ရေး (ခ) နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍကို အရည်အသွေးတိုးတက် ရေးနှင့် အလုပ်ခွင်နှင့်တိုက်ရိုက်ဆက်စပ်နိုင်ရေး (ဂ)နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ တွင်စီမံခန့်ခွဲမှုစနစ် တိုးတက် ကောင်းမွန်ရေးနှင့် (ဃ) နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ကျွမ်းကျင်မှုမြှင့်တင် ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရေးတို့ ဖြစ်ပါသည်။ ဤနှီးနှောဖလှယ်ပွဲမှ ဆွေးနွေးရရှိရန်မျှော်မှန်းထားသောရလဒ်များမှာ- (က) တိုင်းဒသေကြီးနှင့် ပြည်နယ်များ၊ စက်မှုဇုံများ၊ အသေးစားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများ၊ အထူးစီးပွားရေးဇုံများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းလိုအပ်ချက်နှင့်ကိုက်ညီသောနည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာလုပ်ငန်းနယ်ပယ်များတိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များ (ခ) အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာစေရေးအတွက် သက်ဆိုင်သူများအားလုံးကပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများဖော်ထုတ်နိုင်မည့်အစီအစဉ်များ (ဂ) နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာအရည်အသွေးမြှင့်တင်နိုင်ရေးဆောင်ရွက်ရမည့် အစီအစဉ်များ (ဃ) နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုကိုခိုင်မာအားကောင်းအောင်ပြုလုပ်မည့် အစီအစဉ်များနှင့် (င) နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကိုခိုင်မာအားကောင်းအောင်ဆောင်ရွက်နိုင်မည့် အစီအစဉ်များ စသည်တို့နှင့် စပ်လျဉ်းပြီးလုပ်ငန်းစဉ်များချမှတ်နိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။

Credit - http://tvetmyanmar.org/

"TVET Forum တွင်ပါဝင်မည့် ပြပွဲ Exhibition အတွက် Sponsorship အလှူငွေများပေးအပ်နိုင်ပါရန် နှင့် ပါဝင်ပြသနိုင်ပါရန် ဖိတ်ခေါ်ခြင်း"


"22 - 25 March 2016, Kuala Lumpur, Malaysia တွင်ကျင်းပသော The Offshore Technology Conference Asia (OTC Asia) သို့ Mandalay Technology မှ U Zaw Naing ( Managing Director) နှင့် U Aung Soe Moe (Business Development Manager) တို့မှတက်ရောက်ခဲ့ပါသည်"


"မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (Myanmar Maritime University) မှ ဆရာ၊ဆရာမ များ ကို အင်တာဂရပ် (Intergraph) မှ "Smart 3D modeling and administration basic" အင်ဂျင်နီယာဆော့ဖ်ဝဲ Traning ပေးစဉ်"


"ရတနာပုံတက္ကသိုလ်(မန္တလေး)(၁၆)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် သိပ္ပံသုတေသန အထောက် အကူပြုပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပ"


ရတနာပုံတက္ကသိုလ်(မန္တလေး)၏ ၁၆-နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် သိပ္ပံသုတေသန အထောက် အကူ ပြုပြပွဲနှင့် ဘာသာရပ်ပေါင်းစုံမှ ဈေးရောင်းပွဲတော်ကို ဖေဖေါ်ဝါရီ ၂၂-ရက်မှ ၂၃-ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပြီး ၂၂-ရက်နေ့ နံနက် ၉-နာရီက ဖွင့်ပွဲကျင်းပသည်။ “လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်နိုင်ရေးက တက္ကသိုလ်များမှာ တာဝန်ရှိပါတယ်။တက္ကသိုလ်များက ပညာရေးပြုပြင်ပြောင်းလဲရေးမှာ ခေတ်နှင့်အညီ ပါဝင်ဆောင်ရွက်ရမှာဖြစ်ပြီး အရည်အချင်းပြည့်မှိတဲ့ ပညာရေး စနစ်ဖြစ်ထွန်းလာဖို့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး သုတေသနလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။”ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးဏီးဌာန(မန္တလေးရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ရတနာပုံတက္ကသိုလ်(မန္တလေး)ကို၂၀၀၀-ပြည့်နှစ် ဖေဖေါ်ဝါရီ ၂၂-ရက်က တက္ကသိုလ်အဖြစ် ဖွင့်လှစ်ခဲ့ပြီး ဇွန်လမှာ စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား/ကျောင်းသူ ၄၈၀၀-ကျော်ဖြင့် သိဇ္ဖာအထူးပြုဘာသာရပ် ၁၁-ခုနှင့် သိပ္ပံဘာသာအထူးပြုဘာသာ ရပ် ၇-ခု၊စုစုပေါင်း ၁၈-ခု သင်ကြားပို့ချပေးနိုင်ခဲ့ရာမှ ယခု အချိန်၌ ၀ိဇ္ဖာဘာသာအထူးပြု ၁၃-ခု၊သိပ္ပံဘာသာ အထူးပြု ၁၁-ခု စုစုပေါင်း ၂၄-ခုသင်ကြားပို့ချပေးနေပြီဖြစ်ကြောင်းသိရသည်။ “အထက်မြန်မာပြည်က ကျောင်းသားတွေ တက်ရောက်နေကြပါတယ်။ခုချိန်မှာ ကျောင်းသား/ကျောင်းသူ နှစ်သောင်းကျော်ရှိပါတယ်။ရတနာပုံတက္ကသိုလ်ကနေပြီး အထက်မြန်မာပြည်မှာ လူ့စွမ်းအားအရင်းအမြစ် တွေကို ပြုစုပျိုးထောင်ပေးနေတာပါ။ပညာရေးမှာ ခေတ်နဲ့အညီပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။”ဟု ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးကျော်က ပြောကြားသည်။ ရတနာပုံတက္ကသိုလ်အနေဖြင့် ခေတ်နှင့်အညီ ပညာရေးကဏ္ဍတိုးတက်စေရန် နိင်ငံတကာနှင့် ချိတ်ဆက်၍ ပညာရပ်ဆိုင်ရာ ဖလှယ်ရေး၊ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ဆောင်ရွက်နေကြောင်း၊စာပေ၊ဂီတ၊အနုပညာ လှုပ်ရှားမှုများတွင်လည်း တက်ကြွစွာဆောင်ရွက်လျက် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် မျိုးဆက်သစ်လူငယ်များအား ပြုစုပျိုးထောင် လျက်ရှိကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် စာကြည့်တိုက်နှင့် သုတပညာ မဟာ ဘွဲ့သင်တန်းတွင် ပထမဆုရရှိသူ မနှင်းနုနုငယ် အား စည်သူ ဒေါက်တာ ဦးသော်ကောင်းဆု ချီးမြှင့်ခဲ့ပြီး၊ sponsor ပေးသည့် ကုမ္ပဏီများအား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ခဲ့ပြီး နည်းပညာရပ်ပြခန်းများနှင့် အခြား ပြခန်းများသို့ တာဝန် ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

Credit- Digital Life Journal