Our Core Values


EB-3000 Universal Training Board

 

အင်ဂျင်နီယာနယ်ပယ်များဖြစ်တဲ့(EC,EP,MP,MC)အစရှိတဲ့နယ်ပယ်များတွင်လက်တွေ့ သင်ကြားရေးအတွက် များစွာအထောက်အကူပေးနိုင်တဲ့ EB-3000 Universal Training Board အကြောင်းမိတ်ဆက်ပေးချင်ပါတယ်။
EB-3000 Universal Training Board ဟာ အစ္စရေးနိုင်ငံ အခြေစိုက် company တစ်ခုဖြစ်သော Scientific Educational System (SES) company မှထုတ်လုပ်တဲ့ DEGEM အမှတ်တံဆိပ် သင်ထောက်ကူပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မန္တလေးနည်းပညာကုမ္ပဏီ (Mandalay Technology & Development Co., Ltd ) မှအဓိကထားဖြန့်ဖြူးပေးနေပါတယ်ရှင်။

အကျိုးသက်ရောက်မှုတွေ ကတော့ Power Supply ပေးလိုက်ရုံနဲ့ လွယ်ကူစွာသုံးနိုင်ခြင်း Power Supply ကို (-12v ကနေ +12v) ထိ ပြောင်းလဲအသုံးပြုနိုင်ခြင်းတွေအပြင် Voltage(ဗို့)များကိုတိုင်းတာနိုင်သော Voltmeter(ဗို့မီတာ)၊ Current(လျှပ်စစ်စီးကြောင်း)များကို တိုင်းတာနိုင်သော Ampere-meter Frequency(ကြိမ်နှုန်း) များကိုတိုင်းတာရန် Frequency Counter Waveform များကိုတိုင်းတာရန် Oscilloscope နှင့် Function Generator များပါ၀င်တာကြောင့် စမ်းသပ်မှုများစွာကို EB-3000 Universal Training Board တစ်ခုတည်းဖြင့် ပြုလုပ်နိုင်ခြင်း ဖြစ်ပါတယ်။

တိုင်းတာလို့ရတဲ့အဖြေများကို ဖတ်ရှုနိုင်ရန်အတွက် Touch LCD Displayပါ၀င်တာကြောင့်လက်တွေ့သင်ကြားရာတွင် လွယ်ကူစွာနားလည်နိုင်တဲ့ EB-3000 ကို Oscilloscope များ Function Generator နဲ့သာမက Computer,laptopများနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင် ပါတယ်။

EB-3000 ဟာ Master board တစ်ခုဖြစ်ပြီး၎င်းနှင့်တွဲဖက်အသုံးပြုရတဲ့ Circuit board များစွာရှိပါတယ်။ Circuit board တွေဟာ သင်ခန်းစာအလိုက် ကွဲပြားပါတယ်။ Circuit board တွေကို EB-3000တွင် တပ်ဆင်အသုံးပြုပြီး စမ်းသပ်သင်ကြားနိုင်ပါတယ်။

Certificate in GIS and Remote Sensing Application Training

Certificate in GIS and Remote Sensing Application Training 

Training with the  Mandalay Technology 

     GIS and Remote Sensing အသုံးချမှုကို အခြေခံမှစပြီးလေ့လာလိုသူများအတွက် Certificate in GIS and Remote Sensing Application Training သင်တန်းကို မန္တလေးနည်းပညာကုမ္ပဏီ (Mandalay Technology) မှ ယခုဇူလိုင်လနောက်ဆုံးအပတ်ထဲမှာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။
      ယနေ့ခေတ် ကဏ္ဍမျိုးစုံမှာ အသုံးချလျက်ရှိကြပြီး မပါမဖြစ် နည်းပညာ Tool တစ်ခုအနေနဲ့ နေရာယူလာတဲ့ GIS and RS နည်းပညာ အသုံးချသင်တန်းကို ဇူလိုင်လ ၂၃ ရက်နေ့မှစပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း တစ်နေ့လျှင် ၃ နာရီနှုန်းဖြင့် (၁၀) ရက်တိတိ နာရီပေါင်း (၃၀) စာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါသည်။
တက်ရောက်လိုပါက အောက်ပါလင့်ခ် (Link) ကိုနှိပ်၍စာရင်းပေးသွင်းနိုင်သလို
Registration form
သင်တန်းနဲ့ ပတ်သက၍ အသေးစိတ်မေးမြန်းလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(၁) ဒေါ်မျိုးသန္တာကျော် (Executive Manager)
(၂) ဒေါ်ထက်ထက်လင်း (Technical Manager)
Hp: 09425316944, 09793813212
Tel: 01-652285~86
Mandalay Technology

မြန်မာတို့ရဲ့ နှစ်သစ်သင်္ကြန်အချိန်အခါသမယမှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း မန္တလေးနည်းပညာကုမ္ပဏီမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Contact Person

Chang Myae Ko Ko

Business Development
Hp : 09894104120 changmyaekoko@gmail.com changmyae@mandalay-technology.com
TOP