Our Core Values


Asian Science Camp 2026

(၁၆) ကြိမ်မြောက် အာရှ သိပ္ပံ စခန်းချ ​နေထိုင်ခြင်း အစီအစဥ် (Asian Science Camp 2026)

 

ကိုရီးယားနိုင်ငံ ဒေဂျွန်းမြို့ တွင် ၂၀၂၂ ဇူလိုင်လ (၂၄) ရက်မှ (၃၀) ရက်​နေ့အထိ ကျင်းပပြုလုပ်မည့် (၁၄) ကြိမ်မြောက် အာရှ သိပ္ပံ စခန်းချ ​နေထိုင်ခြင်း အစီအစဥ် (Asian Science Camp 2022) သို့ တက်ရောက်ရန် မြန်မာနိုင်ငံ မှ မောင်ကောင်းထက်ကို (ဒုတိယနှစ် ၊ မြို့ပြ အင်ဂျင်နီယာ) ၊ မောင်ရဲရင့်အောင် (ဒုတိယနှစ် ၊ ကွန်ပြူတာ နည်းပညာ) ၊ မောင်စွမ်းထက်ခိုင်ဝင်း (အခြေခံပညာ အထက်တန်းအောင် ၊ အခြေခံပညာ လေ့ကျင့်ရေး အထက်တန်းကျောင်း (TTC)) တို့သည် အုပ်ချုပ်သူ ဒေါ်စုစု​ဝေ ( မန္တ​လေး နည်းပညာ ကုမ္ပဏီ) နှင့် အတူ ဇူလိုင်လ (၂၂) ရက်နေ့ နံနက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းဖြင့် ကိုရီးယားနိုင်ငံ သို့ ထွက်ခွာသွားကြပါသည်။
အာရှသိပ္ပံ စခန်းချ နေထိုင်ခြင်း (Asian Science Camp) အစီအစဉ်ကို ၂၀၀၇ခုနှစ်မှ စတင်ခဲ့ပြီး ထိုင်ဝမ်၊ ဘာလီ၊ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ အစ္စရေး၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ် စ​သော အာရှတိုက်တွင်း နိုင်ငံများမှာ နှစ်စဉ် ကျင်းပခဲ့ပါသည်။
အာရှတိုက်မှ နိုဗယ်ဆုရ သိပ္ပံပညာရှင်​များ လာ​ရောက်ကြပြီး ​ကျောင်းသူ၊ ​ကျောင်းသား လူငယ်များနှင့် အတူ စခန်းချ ​နေထိုင်ကြပြီး သိပ္ပံပညာရပ်ဆိုင်ရာ ​ဟော​ပြောပွဲ​များ၊ ​လေ့လာ​ရေး ခရီး​များ၊ သိပ္ပံပညာရပ်ဆိုင်ရာ ပြိုင်ပွဲ​များ ပါဝင်ပပြီး နှစ်စဥ် အာရှတိုက်မှ လူငယ် ၃၀၀ ခန့်ပါဝင်ဆင်နွှဲကြပါသည်။
ယခုနှစ်တွင် ကမ္ဘာတဝှမ်း ဖြစ်ပွား​နေ​သော ကိုဗစ် ​ကပ်ရောဂါ အ​ခြေအ​နေအရ လူငယ် ၁၄၀ ခန့်သာ ကိုရီးယား နိုင်ငံသို့ သွား​ရောက် ဆင်နွှဲကြမည် ဖြစ်ပြီး လူငယ် ၁၅၀ ခန့်မှာ မိမိတို့ နိုင်ငံတွင်းမှ ​နေ၍ အွန်လိုင်းမှ ပါဝင် ဆင်နွှဲကြမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှလည်း ရန်ကုန် နှင့် ​ထားဝယ်တို့မှ ​ကျောင်းသူ၊ ​ကျောင်းသား (၄) ​ယောက် အွန်လိုင်းမှ တဆင့် ပါဝင် တက်​ရောက် ဆင်နွှဲကြပါမည်။
မန္တ​လေး နည်းပညာ ကုမ္ပဏီ၏ မန်​နေဂျင်း ဒါရိုက်တာ ​ဒေါက်တာ​ဇော်နိုင်က National Coordinator အဖြစ် တာဝန်ယူ​​ဆောင်ရွက်ပြီး မန္တ​လေး နည်းပညာ ကုမ္ပဏီ ရုံးအဖွဲ့မှ ​ပေါင်းစပ် ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့သဖြင့် ယခုကဲ့သို့ မြန်မာ ​ကျောင်းသား၊ ​ကျေင်းသူများကို အာရှသိပ္ပံ စခန်းချ နေထိုင်ခြင်း (Asian Science Camp) အစီအစဉ်သို့ နှစ်စဥ် ပို့လွှတ်​ပေးနိုင်ခြင်းအတွက် မန္တ​လေး နည်းပညာ ကုမ္ပဏီ အ​နေဖြင့် အလွန် ​ကျေနပ် ကြည်နူး ဝမ်း​မြောက် ဂုဏ်ယူပါ​ကြောင်း ​ဖော်ပြအပ်ပါသည်။
TOP