EB-3000 Universal Training Board ဟာ Electronic ,Electrical Power, Mechanical Power, Mechatronic ဘာသာရပ်များအတွက် ဘာသာရပ်ဆိုင်ရာလက်တွေ့သင်ကြားရေးများစွာကို အထောက်အကူပြုပေးနိုင်တဲ့ သင်ကြားရေးသင်ထောက်ကူပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
EB-3000 Universal Training Board ဟာ Power Supply ပေးရုံနှင့် အလွယ်တကူ အသုံးပြုနိုင်ပြီး Power Supply ကို (-12v မှ +12v) အထိ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Voltage(ဗို့)များကိုတိုင်းတာရန်အတွက် Voltmeter(ဗို့မီတာ)၊ Current(လျှပ်စစ်စီးကြောင်း)များကိုတိုင်းတာရန်အတွက် Ampere-meter ၊Frequency(ကြိမ်နှုန်း)များကိုတိုင်းတာရန်အတွက် Frequency Counter နှင့် Waveform များကိုတိုင်းတာရန်အတွက် Oscilloscope နှင့် Function Generator များပါ၀င်တာကြောင့် စမ်းသပ်သင်ကြားများမှု သင်ခန်းစာများစွာကို EB-3000 Universal Training Board တစ်ခုတည်းနဲ့ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
တိုင်းတာလို့ရတဲ့အဖြေတွေကို ဖတ်ရှု့နိုင်ဖို့Touch LCD Display ပါဝင်တာကြောင့် လက်တွေ့သင်ကြားရာမှာနားလည်လွယ်ကူစေမှာဖြစ်ပါတယ်။ ဒါ့အပြင်Oscilloscope ၊ Function Generator နဲ့သာမက Computer၊ laptop များနဲ့လည်းချိတ်ဆက် အသုံးပြုနိုင်ပါသေးတယ်။EB-3000 Universal Training Board ဟာ Master Board တစ်ခုဖြစ်ပြီးတွဲဖက်အသုံးပြုနိုင်တဲ့ Circuit Board များစွာရှိပါတယ်။သင်ခန်းစာအလိုက်ကွဲပြားတဲ့ Circuit Board တွေကိုလည်း EB-3000 Universal Training Board မှာတပ်ဆင်အသုံးပြုပြီးစမ်းသပ်သင်ကြားနိုင်ပါတယ်။
EB-3000 Universal Training Board ကိုအစ္စရေးနိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Scientific Educational System (SES) ကုမ္ပဏီမှ DEGEM အမှတ်တံဆိပ် သင်ထောက်ကူပစ္စည်းအဖြစ်ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာတော့ မန္တလေးနည်းပညာကုမ္မဏီမှတာဝန်ယူဖြန့်ဖြူးပေးပါတယ်။
အသေးစိတ်သိရှိလိုပါက
Chan Myae Ko Ko
General Manager (Operation)
Mandalay Technology Co.,Ltd
Unit (504), Building (11), Myanmar Info-Tech,
Hlaing Township, Yangon, Myanmar, 11501
Tel/Fax: +95-1-652285 ~ 86
Hp: +95-9-894104120