(၁၅) ကြိမ်မြောက် အာရှ သိပ္ပံ စခန်းချ နေထိုင်ခြင်း အစီအစဥ် (Asian Science Camp 2025)
၂၀၂၅ ခုနှစ် ဇူလိုင်လ (၃၁) ရက်မှ သြဂုတ်လ (၆) ရက်နေ့အထိ ထိုင်းနိုင်ငံ နာခွန်ရာချာစီမားမြို့ရှိ Suranaree University of Technology တွင် ကျင်းပပြုလုပ်မည့် (၁၅) ကြိမ်မြောက် အာရှသိပ္ပံ စခန်းချ နေထိုင်ခြင်း အစီအစဉ် (Asian Science Camp 2025) သို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ မောင်မင်းသန့်ဟန် (A-Level အထက်တန်းအောင် – IIP International School)၊ မောင်ကောင်းဇော်ဟိန်း (HND in Computing – GUSTO College)၊ မောင်လင်းညီအောင် (HND in Computing – GUSTO College)၊ မောင်ဇင်မျိုးထွန်း (Bachelor of Engineering in Information Technology – Technological University of Thanlyin (TTU))၊ မယွန်းပိုးအိ (HND in Information Technology – British United College)၊ မသင်းထက်ကျော်စွာ (A-Level – Hinthar International School) နှင့် မရွှန်းပပအောင် (A-Level – Hinthar International School) တို့သည်မန္တလေး နည်းပညာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာဇော်နိုင်က National Coordinator နှင့် Supervisor Daw Hay Thi Moe တို့ မှဦးဆောင်တက်ရောက်ခဲ့ကြသည်။
Asian Science Camp 2025 ခရီးစဉ်အတွက် Myanmar National Airlines (MNA) မှ အထောက်အပံ့ပေးအပ်ခဲ့ပါသည်။
အာရှသိပ္ပံစခန်းချ (Asian Science Camp) အစီအစဉ်သည် ၂၀၀၇ ခုနှစ်မှ စတင်ခဲ့ပြီး အာရှနှင့် အခြားတိုက်မှ လူငယ်များအတွက် နိုဗယ်ဆုရ သိပ္ပံပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သိပ္ပံဆိုင်ရာ ဟောပြောပွဲများ၊ လေ့လာရေးခရီးများနှင့် ပြိုင်ပွဲများပါဝင်သည့် စနစ်တကျ စုစည်းပေးသည့် အစီအစဉ်ဖြစ်ပါသည်။ ယင်းကို တိုင်ဝမ်၊ ဘာလီ၊ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ အစ္စရေး၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ် စသည့် နိုင်ငံများတွင် နှစ်စဉ် လွှဲပြောင်းကျင်းပလေ့ရှိပါသည်။
ASC 2025 တွင် Bangladesh၊ Cambodia၊ China၊ India၊ Indonesia၊ Israel၊ Japan၊ Malaysia၊ Myanmar၊ Nepal၊ Pakistan၊ Chinese Taipei၊ Singapore၊ South Korea၊ Sri Lanka၊ Thailand၊ Vietnam၊ Georgia၊ Russia၊ Turkey၊ Australia၊ Guam စသည့် နိုင်ငံများမှ လူငယ်များ ပါဝင်ဆင်နွှဲခဲ့ကြပြီး မြန်မာအဖွဲ့သည် Gold Medal ၁ဆု၊ Bronze Medal ၁ဆု၊ အထူးဆု (Honorary Mention) ၁ဆု နှင့် Popular Vote (၂ ဆု) ချီးမြှင့်ရရှိခဲ့ပါသည်။